Tuesday, January 26, 2010


အထက်ပါ VOIP ဖုန်း များလိုချင်ပါက info@webhostmm.net သို့ ဆက်သွယ် ၀ယ်ယူနိုင်ပါသည်။

၎င်းဖုန်းအား USB မှ တစ်ဆင့် ကွန်ပျူတာသို့ ဆက်သွယ်၍ အသုံးပြုနိုင်ပါသည်။
၎င်းနှင့်ပါလာသော software အား install လုပ်၍သုံးပါ လျှင် LCD screen အလုပ်လုပ်မည့်အပြင်၊ Skype, Xlite, Net2phone, SJphone, Voip series(like as rynga, smartvoip, actionvoip). စသည့် ဆော့ဝဲများတွင် အလုပ်လုပ်ပါသည်။

ဈေးနှုန်းမှာလည်း သက်သာသည်ဟု သတင်းရချိပါသည်။

ဝယ်ယူရရှိနိုင်သောနေရာများ

It cyber cafe
  • 105(Rm C), Anawrahta Rd., Corner of 51st St., Ward (1)
  • PZDG, Yangon, Myanmar.
  • Cyber Cafe
  • 291796,377236

ဧရာဝတီတိုင်း တစ်ဦးတည်းသော ကိုယ်စားလှယ်
IT STAR Computer Sale & Service
Phone 09 5203049
Email : itstar@webhostmm.net

Sunday, January 24, 2010

Blogger.com and youtube.com ပြန်ဖွင့်ပီ...

blogger.com and youtube.com ပြန်ပွင့်နေတာဒီနေ့ တွေ့လိုက်ရတယ်...
အဲဒါနဲ့ လောလောဆယ် ဒီမှာ ၀င်ရေးမိပြန်ရော..
ရှယ်ပဲ youtube.com ပြန်ပွင့်ပီဆိုတော့ piano တီးတာတွေ ကြည့်လို့ရပီ ..
DDR (Dance Dance Revolution) ဆော့တာလည့်ကြည့်လို့ရပီ... ဒန်တန့်တန်...
ခက်တာက ဆိုင်မှာ bandwidth တွေ လာရှုပ်ကုန်တော့မယ်...
အရင်က youtube.com ပိတ်ထားတော့ တော်တော်လေး သက်သာတယ်လေ...
streaming ကလည်း နည်းနည်းနောနောလား...?

ဒီနေ့တော့ အလုပ်များတဲ့ကြားထဲက အရမ်းပျင်းလာ အရမ်းပင်ပန်းလာလို့ capital မှာ ဈေးလျှောက်ဝယ်တယ် မုန့်စားတယ်

ဒီနေ့ capital ရောက်သွားတယ်။
capital ကတော်တော်လေး အဆင့်မြင့်လာတာပဲ
ပစ္စည်းလည်း တော်တော်စုံတယ်။
ပီးတော့ စင်ကာပူ စတိုင်မျိုးလုပ်ထားတာများတယ်။

အဲက စားသောက်ဆိုင်တစ်ခု (နာမည်သေချာ မသိလိုက်ဖူး) လည်းမိုက်တယ်။
စားစရာတွေကို set နဲ့လုပ်ထားတာ။
မိုက်တယ်ဆိုတာက စတိုင်ကို ပြောတာနော်။
SET ဆိုတာက ကြက်ကြော် ၂ ခု ကိုလာ တစ်ခွက် အာလူးကြော်၊ ပဲ၊ ဆလတ်၊ အဲလို set တစ်ခုကို ဘယ်လောက်ဆိုပီး တစ်ခုချင်းမှာတာထက် သက်သာအောင်လုပ်ထားပေးတယ်။

ခက်တာက sandwich က စားလို့ သိပ်မကောင်းဘူး

sushi ကလဲ တော်တော်ညံ့တယ်။

ဒါပေမယ့်လဲ စားလာခဲ့တယ် :D
ပီးတော့ ဈေးလျှောက်ဝယ်တယ်။
ဓာတ်မီးတစ်လက်၊ မီးချောင်းတစ်ချောင်း၊ လက်ဆေး ဆပ်ပြာရည် တစ်ဘူး၊ စာရေးပီးထည့်လို့ရတဲ့ ဖန်ဘူးတစ်ဘူး (တစ်ယောက်ယောက်ကိုပေးဖို့)၊ ပီးတော့ စားပွဲးပေါ်မှာတင်ဖို့အတွက် အဲ ဘာခေါ်မှန်းတောင်မသိဘူး နောက်မှ ပုံတင်လိုက်မယ် အဲဒါလေးရယ်၊ switch အတွက် adapter တစ်ခုရယ် ၀ယ်လာတယ်...
အကြာကြီးလျှောက် ကြည့်ချင်တာ.. ဒါပေမယ့် အချိန်မရဘူးလေ... :S
အလုပ်လုပ်ရတာအဲဒါတစ်ခုတော့ဆိုးတယ်...
ဒါပေမယ့်အလုပ်မလုပ်ရင်လဲ ဘာနဲ့ သုံးမလဲ... ?

အလုပ်လုပ်တဲ့အချိန်မှာ အလုပ်ကို ပီပီသသ ပြောင်ပြောင်မြောက်မြောက်သုံးပီး ဆော့တဲ့အချိန် စားတဲ့အချိန် သုံးတဲ့အချိန်မှာ ပီပီသသ ဆော့၊စား၊သုံး ရင် ပိုကောင်းမယ်ထင်ပါတယ်။